မိုးကောင်းမြို့နယ်၌ စားသုံးဆီဖူလုံမှုရှိစေရေး ဆီစက်လုပ်ငန်းရှင်များ လုပ်ငန်း လည်ပတ်ထားခြင်း ရှိ/မရှိ ခရိုင်အဆင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
မိုးညှင်း စက်တင်ဘာ ၁၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မိုးကောင်းမြို့နယ်တွင် စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဖွံ့ဖြိုးရေးချေးငွေဖြင့် ရယူထားသည့် ဆီစက်လုပ်ငန်းရှင်များ အမှန်တကယ် လုပ်ငန်းလည်ပတ်ထားခြင်း ရှိ/မရှိ ခရိုင်အဆင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် ဝန်ထမ်းများ၊ ခရိုင်အဆင့် ဆက်စပ်ဌာနဆိုင်ရာများ ဖြစ်ကြသည့် စားသုံးသူရေးရာဦးစီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မိုးကောင်းမြို့နယ် သမဝါယမဦးစီးဌာန၊ ဖွံ့ဖြိုးရေး ချေးငွေထုတ်ချေးပေးထားသည့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ (မိုးကောင်း)ရုံးတို့မှ တာဝန်ရှိသူများနှင့်အတူ မိုးကောင်းမြို့နယ် ပင်းဘော ကျေးရွာအုပ်စု ရေတွင်းကုန်း ကျေးရွာနေ ဒေါ်ဖြူဖြူဝင်း၏ (ဟိန်းဓနဆန်း)ဆီစက်လုပ်ငန်းအား လိုက်လံ စစ်ဆေးသည်။
ထို့နောက် ဆီစက်လုပ်ငန်းရှင်အား လုပ်ငန်းများပိုမိုတိုးချဲ့ အောင်မြင်နိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များနှင့် အားနည်းချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ လုပ်ငန်း လုပ်ထုံးလုပ်နည်းများနှင့်အတူ ပေါင်းစပ်ဆောင်ရွက်စေလိုကြောင်း အကြံပြုဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း
No comments