ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနေမှု ကြည့်ရှုအားပေး
ပုသိမ် စက်တင်ဘာ ၂၁
၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် အဆို၊
အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ၏ စခန်းသွင်းလေ့ကျင့်နေမှုများကို
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ
သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်
၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်
ပုသိမ်တက္ကသိုလ်တွင် စခန်းသွင်း လေ့ကျင့်နေသည့် အခြေခံပညာ (၁၀-၁၅)(အမျိုးသား)၊ (အမျိုးသမီး)
ဆိုင်းဝိုင်းကြီးအဖွဲ့လိုက် လေ့ကျင့်နေမှုကို လည်းကောင်း၊ အခြေခံပညာ(၁၅-၂၀) (အမျိုးသမီး)
စောင်း၊ အဆင့်မြင့်ပညာ (အမျိုးသား) ဂီတာ၊ အခြေခံပညာ(၁၅-၂၀) (အမျိုးသမီး) ဂီတာ၊ အခြေခံပညာ
(၁၅-၂၀) (အမျိုးသား) တယော၊ အခြေခံပညာ (၁၅-၂၀) (အမျိုးသား) တစ်ဦးချင်းအက၊ အခြေခံပညာ
(၁၀-၁၅) (အမျိုးသမီး) မဟာဂီတလေ့ကျင့်မှုများကိုလည်းကောင်း ကြည့်ရှုအားပေးပြီး အဆင့်မီမီ
ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုးစားကြရန် မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်
ပုသိမ်မြို့ အမှတ်(၉)ရပ်ကွက်ရှိ ဓမ္မဝါစီ ဓမ္မာရုံကြီးနှင့် အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်၍
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပုသိမ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက
ပန်းခင်းစီမံချက်(၃)ဖြင့် ရပ်ကွက်နေပြည်သူများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ၊ မသန်စွမ်း
အသက်(၁၈)နှစ်ပြည့်ပြီး သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များဆောင်ရွက်ပေးနေမှုကို
ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရင်းရေးသွင်းရာတွင် ပြည်သူတစ်ဦးချင်းစီ၏
အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေး၊ တိုက်ဆိုင်စစ်ဆေးရမည့် အချက်အလက်များ အချိန်မီပြီးစီးအောင်
ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
No comments