ကညွတ်ကွင်းမြို့နေ ပြည်သူများအား နယ်လှည့်ကွင်းဆင်းဆေးကုသပေး

 



ဖြူး စက်တင်ဘာ ၂၁

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ခုတင် (၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ သည် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းမှစတင်ကာ ကညွတ်ကွင်း တိုက်နယ်ဆေးရုံ၌ အခြေပြု၍ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးသည်။

 

ထိုသို့ကုသပေးရာတွင် မြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးမှူး ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ကျော်မိုး ဦးဆောင်၍ အထွေထွေရောဂါကုသမားတော်၊ ကလေးအထူးကု၊ ခွဲစိတ်ရောဂါ အထူးကု၊ သားဖွားမီးယပ်အထူးကု၊ အရိုးအကြောအထူးကု၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီးများ က စုစုပေါင်းဆေးကုသမှု ခံယူသူ ၃၈၂ ဦးခန့်အား ကုသပေးခဲ့ကြောင်းနှင့် အဆိုပါ ကျန်းမာရေး စောင့်ရှောက် ကုသပေးနေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)

No comments

Powered by Blogger.