ကျေးသီးမြို့နယ်ရှိ ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်နေမှု စစ်ဆေး
ကျေးသီး စက်တင်ဘာလ ၁၁ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊
လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန မှ တာဝန်ရှိသူများသည်
၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ပြည်နယ်(မူလ)ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်နေသော ပန်ပို-
မွေတော်-ပန်လော့-နောင်ယုန်း-ဝမ်စွမ် ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း
ဆောင်ရွက်နေမှုအခြေအနေများကို စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်
ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မှ ပြည်နယ်ဦးစီးမှူး၊ လွိုင်လင်ခရိုင်ဦးစီးမှူးနှင့်
တာဝန်ရှိသူများသည် ပန်ပိုကျေးရွာ၊ မွေတော်ကျေးရွာ၊ ပန်လော့ကျေးရွာ၊ နောင်ယုန်းကျေးရွာနှင့်
ဝမ်စွမ် ကျေးရွာတို့ကို ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း
ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ကျေးရွာတင်ပြချက်များအပေါ်
ပေါင်းစပ်ညှိနိူင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ
ကျေးရွာချင်းဆက်လမ်းသည် အရှည် ၄ ဖာလုံ၊ အကျယ်
၁၆ပေ၊ ဒုထည် ၉ လက်မရှိပြီး ပြည်နယ်(မူလ)ခွင့်ပြုရန်ပုံငွေကျပ်(၁၄၆ ဒသမ ၆၁၁)သန်း ကို
အသုံးပြုပြီး ခရိုင်/ မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာများ၏
နည်းပညာပံ့ပိုးမှုဖြင့် တင်ဒါအောင်မြင်သည့် ရွှေဆည်မြေ ကုမ္ပဏီကလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ယခုအခါ လုပ်ငန်းများအားလုံး၏ (၆၀) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး
လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပါက အဆိုပါလမ်းအား အသုံးပြုနေသည့် ဒေသခံပြည်သူ(၁၀၆၄)ဦးတို့အနေဖြင့်
ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ လွယ်ကူစွာ သွားလာနိုင်မည်ဖြစ်သည်။
ပိုးသခင်

No comments