တွံတေးမြို့နယ်၊ အလံအုပ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ်သိန်း(၄၅၀) ထုတ်ချေး
တွံတေး ၁၁ စက်တင်ဘာ
တွံတေးမြို့နယ်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးလုပ်ငန်းများ
တိုးချဲ့လုပ်ကိုင်နိုင်ရန်နှင့် တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို
အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍
မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများထုတ်ချေးပေးခြင်း
အခမ်းအနားကို စက်တင်ဘာ ၁၁ ရက်နံနက်ပိုင်းက
အလံအုပ်ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ
တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းအကြောင်းအရာများ၊
လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်၊ အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ရာတွင်
လိုက်နာရမည့်စည်းကမ်း သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံသို့
လည်ပတ်ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက အလံအုပ်ကျေးရွာရှိ ချေးငွေရရှိသူ အသင်းသူ၊ အသင်းသား (၁၃၃) ဦးကို စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့်
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးချဲလုပ်ကိုင်ရန်အတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ
ကျပ်သိန်း (၄၅၀)ကို အတိုးနှုန်း သက်သာစွာဖြင့်
ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
စိန်လွင် (ကျေးလက်)

No comments