ပြင်ဦးလွင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စကားဝိုင်းဆွေးနွေး

 


ပြင်ဦးလွင်  စက်တင်ဘာ  ၁၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရွှေစာဝိုင်း ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။

စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက စကားဝိုင်းများ ကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာရေးဆရာမ ပုညခင်ရေးသားသည့် “အထက်တန်းစားရေ စာအုပ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ရွှေစာဝိုင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ဖတ်ရှုထားသည့် ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြရာ ပြင်ဦးလွင်ခရိုင် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် စာရေးဆရာ ကိုရွှေအောင်သင်းက ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကျောင်းသား ကျောင်းသူများကလည်း မိမိတို့၏ အမြင်များကို ချစ်ခင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စကားဝိုင်းတွင် ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ကျောင်းသား ကျောင်းသူများအား အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်၊ စာစောင်များ ခင်းကျင်း ပြသခဲ့ကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)



No comments

Powered by Blogger.