ကျိုက်လတ်မြို့နယ်၌ ပေါ်ဆန်းဇုန်စိုက်ပျိုးနေမှု တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
ကျိုက်လတ် စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်၌ ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးနှင့် ပြည်တွင်းစားရေရိက္ခာ ဖူလုံစေရေးအတွက် ယနေ့နံနက်ပိုင်းက အုန်းပင်စုကျေးရွာနှင့် သမက်ပြေ ကျေးရွာအုပ်စုတို့တွင် ပေါ်ဆန်းဇုန် စိုက်ပျိုးနေမှုကို တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ဦးစွာ ပေါ်ဆန်းဇုန် ဧက ၁၀၀ စိုက်ပျိုးပွဲကို အုန်းပင်စုကျွေးရွာရှိ ကွင်းအမှတ်(၁၄၀)B၊ တောင်သူ ၂၀ ဖြင့်လည်းကောင်း၊ သမက်ပြေကျေးရွာရှိ ကွင်းအမှတ်(၁၅၀)A၊ တောင်သူ ကိုးဦးဖြင့်လည်းကောင်း ပေါ်ဆန်းဇုန် ဧက ၅၀ စိုက်ပျိုးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ (မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ) ဦးမင်းအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဖုန်းက သွင်းအားစုများ အချိုးကျ အချိန်ကိုက်သုံးစွဲနိုင်ရေး၊ ပိုးမွှားကင်းရှင်းစေရေး၊ စိုက်နည်းစနစ် မှန်ကန်စေရေး ပြောကြားပြီး တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်(ပြန်/ဆက်)
No comments