ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး အီဂျစ်သမ္မတနှင့် စပိန်ဘုရင်တို့တိုက်တွန်း
ကိုင်ရို စက်တင်ဘာ
၁၈
အီဂျစ်သမ္မတ အဗ္ဗဒယ်
ဖာတာ့ အယ်စီစီနှင့် စပိန်ဘုရင် ဖိလစ်
၆ တို့သည် ဂါဇာကမ်းမြောင် ဒေသ၌ အပစ်အခတ်ရပ်စဲရေး၊
ဓားစာခံများပြန်လွှတ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ အတားအဆီးမရှိ
ပေးပို့နိုင်ရေးအတွက် တောင်းဆိုခဲ့ကြသည်ဟု စက်တင် ဘာ ၁၇ရက်တွင် အီဂျစ်သမ္မတရုံးက
ပြောသည်။
အယ်-အစ်တီဟာဒီယာ သမ္မတနန်းတော်၌
ကျင်းပသည့်တံခါးပိတ်ဆွေးနွေးပွဲတွင် ပါလက်စတိုင်း များကို အတင်းအကျပ်ဖိအားပေး၍ ရွှေ့ပြောင်းခိုင်းခြင်းသည်
ဒေသတွင်းမတည်ငြိမ်မှုကို ပို၍ ဆိုးရွားစေပြီး ဥရောပသို့ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုများကို
ပို၍ဆိုးရွားစေသည်ဟု ခေါင်းဆောင်နှစ်ဦးစလုံးက ပြောသည်။
အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းရေးအတွက်
စပိန်နိုင်ငံ၏ ထောက်ခံမှုကို အီဂျစ်သမ္မတက ချီးကျူး ခဲ့သည်။ စပိန်ဘုရင် ဖိလစ် ၆ ကလည်း ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးနှင့် ပြန်လည် တည်ဆောက်ရေးအစီအစဉ်
ပြင်ဆင်ခြင်းတို့အတွက် နှစ်နှစ်တာကာလအတွင်း
အီဂျစ်၏ ကြိုးပမ်း အားထုတ်မှုများကို အသိအမှတ်ပြုခဲ့သည်။ စပိန်ဘုရင် ဖိလစ် ၆
နှင့် မိဖုရား လက်တီဇီယာတို့အား အီဂျစ်သမ္မတ
အယ်စီစီက ဧည့်ခံပွဲဖြင့် တရားဝင်ကြိုဆိုခဲ့သည်။
စပိန်ဘုရင်၏ ယခုခရီးစဉ်သည်
စပိန်ဘုရင်တစ်ပါးအနေဖြင့် အီဂျစ်သို့ ပထမဦးဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းက မက်ဒရစ်မြို့သို့ အီဂျစ်သမ္မတ
စီစီ လာရောက်ပြီး နောက် နှစ်နိုင်ငံမဟာဗျူဟာ မြောက်ဆက်ဆံရေးကို မြှင့်တင်သည့်အနေဖြင့်
အီဂျစ်နိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်။
ဆင်ဟွာ
No comments