စလင်းမြို့နယ်၌ ယခုနှစ် ချည်မျှင်ရှည်ဝါသီးနှံကို ဧကပေါင်း ၃၁ဝဝဝ ကျော် စိုက်ပျိုးထားရှိ
စလင်း စက်တင်ဘာ
၁၈
မကွေးတိုင်းဒေသကြီး
စလင်းမြို့နယ်၌ ယခုနှစ် စိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံကို ဧက ပေါင်း ၃၁၀၀၀
ကျော် စိုက်ပျိုးထားရှိပြီး ယခင်နှစ်ထက် ဧကပေါင်း ၂၀၀၀ ကျော် ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ကြောင်း
စလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့စိုက်ပျိုးရာတွင်
ယခုနှစ် စိုက်ပျိုးရာသီ၌ ဌာနအစီအစဉ်ဖြင့် ချည်မျှင်ရှည်ဝါသီးနှံအဖြစ် ရွှေတောင် ၈၊
ရွှေတောင် ၁၀၊ ငွေချည် ၁၁ စသည့် မျိုးသန့်ဝါစေ့ ဧက ၁၇၉၀ စာကို ကြိုတင်စုဆောင်း၍ ဖြန့်ဖြူးရောင်းချပေးခြင်းနှင့်
ပံ့ပိုးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် တောင်သူများအတွက် လိုအပ်သည့်
စိုက်ပျိုးရေးသွင်းအားစု ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
စလင်းမြို့နယ်၌
၂ဝ၂၄-၂၀၂၅ ခုနှစ်တွင် ဝါသီးနှံ ဧကပေါင်း ၂၉၀၇၅ ဧက၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဝါသီးနှံဧကပေါင်း
၃၁၂၂၂ ဧကအထိ စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ယခင်နှစ်ထက် ဧကပေါင်း ၂၁၄၇ ဧက ပိုမိုတိုးချဲ့
စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)
No comments