ကဝမြို့နယ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ကဝ စက်တင်ဘာ ၂၁
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏
ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့အထွေ ထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ
ပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် စက်တင်ဘာ ၂၀ ရက်က ကဝမြို့နယ် သက္ကလတိုက်နယ်ဆေးရုံသို့
သွားရောက်၍ ရဟန်းရှင် လူပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်
ပေးကြသည်။
အဆိုပါကွင်းဆင်းဆေးကုသမှုပြုလုပ်ရာသို့
ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံ အုပ်ကြီး ဒေါက်တာဇော်လွင်၊ ပဲခူးတိုင်းဒေသကြီး
ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်စိုး၊ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာ သန္တာဆွေ၊ ကဝမြို့နယ် စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်း၊ သက္ကလမြို့အုပ်ချုပ်ရေးမှူးဦးမင်းဝေဇံနှင့်
မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ ဆွေဇင်ဝင်းတို့က လိုက်လံကြည့်ရှု အားပေးကာ လိုအပ်သည်များ
ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။ သက္ကလတိုက်နယ်ဆေးရုံ
နယ်မြေအတွင်းရှိ ကျေးရွာများမှ အထွေထွေ ရောဂါလူနာ ၁၅၅ ဦး၊ သားဖွား မီးယပ်ရောဂါလူနာ
၂၅ ဦး၊ ကလေးရောဂါလူနာ ၁၄ ဦး၊ မျက်စိရောဂါလူနာ ၅၃ ဦး၊ သွားနှင့်ခံတွင်းရောဂါ လူနာ ၂၅
ဦး၊ ခွဲစိတ်ရောဂါလူနာ ၄၆ ဦး၊ အရေပြားရောဂါလူနာ
၃၅ ဦး၊ အရိုးအကြောရောဂါလူနာ ၈၂ ဦး စုစုပေါင်းလူနာ ၄၇၆ ဦးတို့ အား ဆေးကုသမှု ပြုလုပ်ပေးနိုင်ခဲ့ကြောင်း
သိရသည်။
တင်စိုး(ပဲခူး)
No comments