အင်ဒိုနီးရှားနိုင်ငံ၌ ခရီးသွားဘတ်စ်ကား မတော်တဆမှုကြောင့် ရှစ်ဦးသေဆုံး
စက်တင်ဘာ ၁၅
အင်ဒိုနီးရှားနိုင်ငံ
အရှေ့ဂျာဗားပြည်နယ်တွင် ယမန်နေ့က ခရီးသွားဘတ်စ်ကားတစ်စီးသည် လမ်းခွဲအတားများနှင့် အကာအရံကို
ဝင်တိုက်မိရာ လူရှစ်ဦးသေဆုံးပြီး အခြားအများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
အဆိုပါဘတ်စ်ကားသည်
ခရီးသည် ၅၀ ခန့် တင်ဆောင်ကာ ဘရိုမိုတောင်မှ ပြန်လာရာ ဘိုတိုကျေးရွာရှိ လမ်းတစ်ခုတွင်ဆင်းလာစဉ် ဘရိတ်ချို့ယွင်းမှုဖြစ်ပွားခဲ့ကြောင်း
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် Slamet A. က ပြောကြားသည်။
ထိုမတော်တဆမှုတွင်
ခုနစ်ဦးသေဆုံးပြီး တစ်ဦးကိုဆေးရုံးတင်ထားရကြောင်း၊ အခြားအများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်းနှင့်
ဘတ်စ်ကားမှာ ပျက်စီးမှုများပြားကြောင်း ၎င်းကပြောသည်။
ထိခိုက်ဒဏ်ရာရသူများကို
နီးစပ်ရာ ဆေးရုံများနှင့် ဆေးခန်းများသို့ ပို့ဆောင်ခဲ့သည်။ ရဲတပ်ဖွဲ့က ထိုမတော်တဆမှုနှင့်ပတ်သက်၍
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments