ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တွင် အာဆင်နယ်အသင်း၊ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ စပါးအသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့
ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တွေကို
စက်တင်ဘာ ၁၆ ရက်ညပိုင်းနဲ့ ၁၇ ရက် နံနက်ပိုင်းတို့မှာ ယှဉ်ပြိုင် ကစားခဲ့ရာ အာဆင်နယ်အသင်း၊ ရီးယဲလ်မက်ဒရစ်အသင်းနဲ့
စပါးအသင်းတို့ဟာ ပြိုင်ဘက်အသင်း အသီးသီးကို
အနိုင်ရပြီး နိုင်ပွဲကိုယ်စီရရှိခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ စပိန်ကလပ်
ဘီဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး နှစ်ဂိုးပြတ်နဲ့ အနိုင် ရရှိခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ
အာဆင်နယ်အသင်းအတွက် သွင်းဂိုးတွေကို မာတင်နယ်လီနဲ့ ထရော့ဆက်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အိုဒီဂတ်၊
ဆာကာ၊ ကိုင်ဟာဗက် စတဲ့အဓိကကစားသမားတွေ ဒဏ်ရာ ကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ရာသီအစမှာ နိုင်ပွဲနဲ့
စတင်ခဲ့တာဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းကတော့
ပြင်သစ်ကလပ် မာဆေးလ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိ ခဲ့တာဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းအတွက်
သွင်းဂိုး နှစ်ဂိုးစလုံးကို အမ်ဘတ်ပီက ပင်နယ်တီ
ကနေတစ်ဆင့် သွင်းယူပေးခဲ့ကာ မာဆေးလ်အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို တီမိုသီရီယာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
စပါးအသင်းကတော့ ဗီလာရီးယဲလ်အသင်းကို ဗီလာရီးယဲလ်ကစားသမား လူးဝစ်ဂျူနီယာရဲ့ ကိုယ့်ဂိုးကိုယ် သွင်းမိသလိုဖြစ်ခဲ့တဲ့ သွင်းဂိုးဖြင့် တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အခြားသော ချန်ပီယံလိဂ်ပွဲစဉ်တွေမှာတော့ ကာရာဘတ်အသင်းက ဘင်ဖီကာအသင်းကို သုံးဂိုး-နှစ်ဂိုး၊ ယူနီယံစိန့်ဂီ လွှိုက်အသင်းက
ပီအက်စ်ဗွီအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ဂျူဗင် တပ်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ပွဲစဉ်မှာ တစ်ဖက်လေးဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ငွေကြယ်
No comments