ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၌ ဥပုသ်သီလစောင့်သူများ၊ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိ
ရန်ကုန် စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်
ရဲရိပ်သာ ရပ်ကွက် ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် လုပ်သားဓမ္မာရုံအတွင်း၊
အပြင်၌ ဝါတွင်း(၁၁)ပတ်မြောက် ဥပုသ်နေ့တွင် ဥပုသ်သီလစောင့်သူများဖြင့် စည်ကားလျက်ရှိသည်။
ဆက်ကပ်လှူဒါန်း
ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်
လုပ်သားဓမ္မာရုံ၌ နံနက်ခင်း သီလပေးတရား ချီးမြှင့်ပေးသည့် ဗိုလ်တထောင်မြို့နယ် ရွှေရင်မျှော်ကျောင်းတိုက်
ဆရာတော်ဘဒ္ဒန္တဝေပုလ္လ သာသန ဓဇဓမ္မာစရိယ ဆရာတော်အား နေ့ဆွမ်း၊ ဝါဆိုသင်္ကန်းနှင့် နဝကမ္မဝတ္ထုငွေများ
ဆက်ကပ်လှူဒါန်းခြင်း၊ ဝါဆိုသင်္ကန်းနှင့် နဝကမ္မ ဝတ္ထုငွေများကို ဗိုလ်တထောင် ကျိုက်ဒေးအပ်
ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့နှင့် အလှူရှင်များက အသီးသီးလှူဒါန်းပြီး ဥပုသ်စောင့်လာရောက်ကြသော
ဥပုသ်သီလယူသည့် ပုဂ္ဂိုလ်များက ဆရာတော်များအား နဝကမ္မအလှူငွေများ ထည့်ဝင် လှူဒါန်းကြကြောင်း
သိရသည်။
ဥပုသ်သီလတရားနာ ကြွရောက်လာကြသော ပုဂ္ဂိုလ်များအားလည်း
အလှူရှင်များက ကြက်ဆီထမင်း၊ ထမင်းဘူး၊ အချိုရည်နှင့် ရေသန့်များ ကုသိုလ်ပြုခဲ့ကြပြီး
ဝါတွင်း(၁၁)ပတ်မြောက် ဥပုသ်နေ့၌ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၌ ဥပုသ်သီလစောင့်သူများ၊
ဘုရားဖူးလာ ပြည်သူများ၊ အလှူရှင်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ခင်ဝင်း(ပြန်/ဆက်)
No comments