ထန်းတပင်မြို့နယ်၌ မိုးစပါးဧက ၆၃၀၀၀ ကျော် စိုက်ပျိုးပြီးစီး

 



ရန်ကုန် စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးလျာထား စိုက်ဧက ၈၄၁၃၈ ဧကရှိသည့်အနက် ဧကပေါင်း ၆၃၀၀၀ ကျော်ကို စိုက်ပျိုးပြီးစီးကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

ထန်းတပင်မြို့နယ်အတွင်း လက်ရှိအချိန်အထိ ဧကပေါင်း ၆၃၇၉၃ ဧကကို စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧကထက် ကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက်လည်း တာဝန်ရှိသူများက တောင်သူအသိပညာပေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်းရှိတဲ့ တောင်သူတွေ စပါးစိုက်ပျိုးတဲ့ နေရာမှာ လုပ်အားကုန်ကျမှုစရိတ်တွေ၊ မျိုးစေ့နှုန်းထား ကုန်ကျမှုစရိတ်တွေ သက်သာဖို့နဲ့ စပါးအထွက်နှုန်း တိုးတက်လာဖို့အတွက်ဆိုပြီတော့ စံပြစိုက်ခင်းတွေမှာ စိုက်ပျိုးနည်းစနစ်တွေကို သက်ဆိုင်ရာ ကွင်းအလိုက် တောင်သူအသိပညာပေး မိုးစပါး လက်တွေ့ စိုက်ပျိုးပြသပေးနေပါတယ်။ ဒါ့အပြင့် နည်းပညာနဲ့ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး အတွက်ကိုလည်း ကူညီပံ့ပိုး ဆောင်ရွက်လျက်ရှိပါတယ်ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုက ပြောသည်။

ဇင်မင်းထိုက်(ထန်းတပင်)

No comments

Powered by Blogger.