သာယာဝတီမြို့နယ်၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနား ကျင်းပ
သာယာဝတီ စက်တင်ဘာ ၂၁
သာယာဝတီမြို့နယ် သုံးဆယ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌
စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက
ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်
အစိုးရအဖွဲ့ဝင်ဝန်ကြီးများက စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး
အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က
၂၀၂၅ ခုနှစ်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်း စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်များကို
(၁၀)ကြိမ် ကျင်းပပေးသွားမည်ဖြစ်ပြီး ယနေ့စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်သည် (၅)ကြိမ်မြောက်
ကျင်းပပေးခြင်းဖြစ်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ စာကြည့်တိုက်များ
ပူးပေါင်းဆောင်ရွက်မှုကော်မတီတို့ ပူးပေါင်း၍ကျောင်းသား ကျောင်းသူများ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်၊
အသိပညာ အတတ်ပညာများ အလွယ်တကူ ဆည်းပူးလေ့လာနိုင်စေရန်နှင့် ကျောင်းသား ကျောင်းသူများအနေဖြင့်
ကျောင်းစာများကို ကြိုးစား လေ့လာသင်ယူရင်း ဗဟုသုတရရန် စာပေများကို ဖတ်ရှုလေ့လာကြစေလိုကြောင်း
ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က
သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အတွက် သုတ/ရသ စာအုပ်စာစောင်များကို
လည်းကောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနား၌ အသိပညာဗဟုသုတများရရှိစေရေး ဟောပြောပေးမည့်
စာရေးဆရာကြီးများ ဂုဏ်ပြုမှတ်တမ်းများ ကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက်
အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ဇာတိမာန်” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က
စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်တွင် ပါဝင်ဖျော်ဖြေတင်ဆက်ကြသည့်
ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများသည် သုတ/ရသစာအုပ်အရောင်း ဆိုင်များ၊ ဉာဏ်စမ်းပြိုင်ပွဲများ၊ ဘက်စုံအားကစား
ပြိုင်ပွဲများ၊ အဆို၊ အတီးစွမ်းရည်ပြပွဲများ၊ ပညာရေး ဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း
သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
No comments