တူကီယဲနိုင်ငံတစ်ဝန်း လူမှောင်ခိုဂိုဏ်းဖြိုခွင်း လူမှောင်ခိုသမား ၅၂ ဦးကိုဖမ်းဆီး



အန်ကာရာ   စက်တင်ဘာ   ၁၁

တူကီယဲနိုင်ငံ၌  ပြည်နယ်ပေါင်း  ၈၁ ခုတွင်  စစ်ဆင်ရေးအသွင်ဖြင့် လူမှောင်ခိုမှုများ  ဖြိုခွင်းရာ နိုင်ငံခြားသား ၁၄ ဦးအပါအဝင် ရွှေ့ပြောင်း နေထိုင်သူများကို   မှောင်ခိုကူးသည့်   လူမှောင်ခိုသမား  ၅၂ ဦးကို  ဖမ်းဆီးနိုင်ခဲ့သည်ဟု   ပြည်ထဲရေးဝန်ကြီး  အလီယာလီကာယာက  စက်တင်ဘာ ၁၁ ရက်တွင် ပြောသည်။

ရဲတပ်ဖွဲ့သည်   ပုံမှန်မဟုတ်သည့်    ရွှေ့ပြောင်းသွားလာမှုများနှင့် ရွှေ့ပြောင်းလူမှောင်ခိုလုပ်ငန်း စီစဉ်သူများကို ပစ်မှတ်ထားကာ စက်တင်ဘာ ၇ ရက်က စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက လူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံတစ်ဝန်း  စစ်ဆေးမှုပေါင်း  ၄၀၂၀၉၈ ခုပြုလုပ်ခဲ့ပြီး ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းနေထိုင်သူ ၆၆၆  ဦးကို ဖမ်းဆီးထားသည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။  အာဏာပိုင်များသည်  အများပြည်သူ သွားလာလှုပ်ရှားရာ နေရာ  ၇၈၈၃ ခု၊ ဂိတ်ပေါင်း ၄၈၃ ခုနှင့် အခြားနေရာ ၆၇၄၆ ခု တို့ကို စစ်ဆေးခဲ့ပြီး  ပုံမှန်မဟုတ် သည့်  ရွှေ့ပြောင်းနေထိုင်သူများကို  ၎င်းတို့၏နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ရန် လုပ်ထုံးလုပ်နည်း များ   စတင်လုပ်ဆောင်ခဲ့ကြောင်း   ၎င်းက ဆက်ပြောသည်။

တူကီယဲနိုင်ငံသည်   ဥရောပသို့ဝင်ရောက်ရန်   ကြိုးပမ်းကြသည့် ပဋိပက္ခဖြစ်ပွားရာနိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူများအတွက် အဓိကလမ်းကြောင်းတစ်ခုဖြစ်သည်။ မကြာသေးမီနှစ်များ အတွင်း တူကီယဲနိုင်ငံသည် နယ်စပ်လုံခြုံရေးကို တင်းကျပ်ခဲ့ပြီး လူမှောင်ခိုလုပ်ငန်းများကို တိုက်ဖျက်ရန်အတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင် ခဲ့သည်။                             

ဆင်ဟွာ

No comments

Powered by Blogger.