နေပြည်တော်ကောင်စီဝင်များ ဖိုးဇောင်းတောင် စိမ်းလန်းစိုပြည်ရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်
နေပြည်တော် စက်တင်ဘာ ၂၃
၂၀၂၅ ခုနှစ် ဖိုးဇောင်းတောင် စိမ်းလန်းစိုပြည်ရေး
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် ဖိုးဇောင်းတောင်(ကြိုးဝိုင်း)၊
နေပြည်တော်-တပ်ကုန်း အမှတ်(၂)လမ်း၊ မိုင်တိုင် (၅မိုင်/၅ဖာလုံ)၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့်
ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးဟန်သူ၊ နေပြည်တော်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး
ဦးညွန့်ဝင်း၊ ဥတ္တရခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊
အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊
ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင်များက ပျိုးပင်များကို
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းထံပေးအပ်ကာ
သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ဆီသပြေပင်များကို စတင်စိုက်ပျိုးပေးပြီး စုစုပေါင်းအပင်
၃၀၀ စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအား ပေးခဲ့သည်။
ဥတ္တရသီရိမြို့နယ်အတွင်း သစ်ပင်သစ်တောများဖြင့်
စိမ်းလန်းစိုပြည်ပြီး သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ ပြည်သူများ စားရေရိက္ခာဖူလုံပြီး
ကျန်းမာပျော်ရွှင်ရေးနှင့် သဘာဝဘေးအန္တရာယ်တချို့မှ ကာကွယ်နိုင်ရေး၊ သစ်ပင်သစ်တောများ
ရေရှည်တည်တံ့စေရန် အတွက် ဘက်စုံကဏ္ဍစုံမှ ရှုမြင်သုံးသပ်ပြီး သစ်တောထိန်းသိမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လမ်းမကြီးများအပါအဝင် ကျေးလက်လမ်းများ၏ လမ်းဘေးဝဲ/ယာများ၊
လမ်းနယ်ပြင်ပတွင် ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောများနှင့် မြေကွက်လပ်၊ မြေလွတ်/
မြေရိုင်း နေရာများတွင် ငါးဧက၊ ၁၀ ဧကခန့်ရှိ သစ်တောငယ်များ တည်ထောင်နိုင်ရေးအတွက် မိုးရာသီသစ်ပင်
စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)
No comments