ရုရှားနိုင်ငံ ကမ်ချတ်ကာ အရှေ့ဘက်ကမ်းရိုးတန်းတွင် ပြင်းအား ၇.၈ ပမာဏရှိငလျင်လှုပ်ခတ်



စက်တင်ဘာ ၁၉

ရုရှားနိုင်ငံ ကမ်ချတ်ကာကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်းတွင် ပြင်းအား ၇ ဒသမ ၈ ပမာဏရှိ ငလျင်တစ်ခု ယနေ့ (ဘေဂျင်းစံတော်ချိန်) နံနက် ၂ နာရီ ၅၈ မိနစ်တွင် လှုပ်ခတ်ခဲ့ကြောင်း တရုတ်ငလျင်ကွန်ရက်စင်တာ စီအီးအင်န်စီ၏ပြောကြားချက်အရ သိရသည်။

ငလျင်ဗဟိုချက်သည် မြောက်လတ္တီကျု ၅၃ ဒသမ ၁၀ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၆၀ ဒသမ ၆၀ ဒီဂရီ၊ ငလျင်အနက် ကီလိုမီတာ ၂၀ တွင် လှုပ်ခတ်ခဲ့ကြောင်း စီအီးအင်န်စီက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.