ရုရှား - ဘယ်လာရုစ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဆောင်ရွက်
မင့်စ် စက်တင်ဘာ
၁၅
ရုရှား - ဘယ်လာရုစ် နှစ်နိုင်ငံတပ်မတော်များကြား Zapad-2025 ဟု အမည်ရသည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို ဘယ်လာရုစ်နိုင်ငံ၌
စက်တင်ဘာ ၁၅ ရက်က ကျင်းပသည်။
ယင်းစစ်ရေးလေ့ကျင့်မှုအတွင်း ခြေလျင်တပ်ဖွဲ့များက ရန်သူများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊
တပ်ဖွဲ့ဝင်များက ဆိုင်ကယ်များပေါ်မှ လက်နက်ဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းကာကွယ်ရေး လေ့ကျင့်ခန်းများ
ဆောင်ရွက်ကြသည်။
ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသည့် တပ်ဖွဲ့ဝင်များနှင့်
ပစ္စည်းကိရိယာများကို စက်ရုပ်များဖြင့် ဘေးလွတ် ရာသို့ ပြောင်းရွှေ့ပေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။
လေ့ကျင့်ခန်းအတွင်း ခြေလျင်တပ်ဖွဲ့ဝင်များက မမြင်ကွယ်ရာမှ စောင့်ကြည့်ကာကွယ်ပေးခြင်းတို့ကို
လေ့ကျင့်ခဲ့သည်။ ယင်းစစ်ရေးလေ့ကျင့်မှုကို နိုင်ငံ ၁၅ နိုင်ငံမှ သတင်းထောက် ၁၅၀ ကျော်က သတင်းရယူခဲ့ကြောင်း ဘယ်လာရုစ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။ စက်တင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ဆောင်ရွက်မည့်
အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ဘယ်လာရုစ်နိုင်ငံကာကွယ်ရေးနှင့် ကျူးကျော်မှုများကို တိုက်ထုတ်ရေး
အတွက် အသင့်ပြင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း
သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ
No comments