မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သော ဘုရားစေတီများ ပြန်လည်ပြုပြင်မွမ်းမံရန် အလှူငွေပေးအပ်
မန္တလေး စက်တင်ဘာ ၁၆
မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သော ဘုရားစေတီတော်များ ပြန်လည်ပြုပြင် မွမ်းမံရန်အတွက် မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးက အလှူငွေ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား တောင်ဘက်မုခ် အာရုံခံဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ မန္တလေးမြို့ အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် Ms. Gao Ping နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှူး၊ မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း(ဗဟို)၊ အသင်းခွဲ (မန္တလေး)ဥက္ကဋ္ဌ၊ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ကော်မတီဝင်များ၊ ကုသိုလ်တော် ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သော ဘုရားစေတီတော်များ ပြန်လည် ပြုပြင်ရန်အတွက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက အလှူငွေကျပ် ၁၀၃၅၀၀၀၀ဝ ကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းနှင့် အမှတ်တရ ကျောက်မျက်ပန်းချီကားအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments