မြောက်ဥက္ကလာပမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုများ ဆောင်ရွက်

 



ရန်ကုန် စက်တင်ဘာ ၁၆

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲ ပေးလေ့လာခြင်းကို ယနေ့နံနက်ပိုင်းက (ဆ)ရပ်ကွက် ဓမ္မသာလာဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက် သည်။

 

ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ အရာရှိက မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်း သိကောင်းစရာများနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသပေးကြသည်။

 

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးဝေလင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ (ဆ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းမြင့် ဦးဆောင်သည့်အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ လူမှုရေးအသင်းအဖွဲ့များ၊ မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)

No comments

Powered by Blogger.