ဒလမြို့နယ်၌ တောင်သူများအား ဓာတ်မြေဩဇာပေးအပ်

 



ရန်ကုန် စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး ဓာတ်မြေဩဇာကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဖြန့်ဖြူးသော နိုင်ငံ့စီးပွား ပြင်ပတောင်သူများအား ဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရဲချောင်းဝ ကျေးရွာအုပ်စု ဒလ-ဓနုတ် ကားလမ်းမဘေး၌  ကျင်းပသည်။

ဦးစွာ တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးထိန်လင်းဟန်က  မိုးစပါး ပန်းတိုင်အထွက်နှုန်း  ရရှိရေး သွင်းအားစု ထည့်သွင်းခြင်းနှင့် အောင်နိုင်တိုး စပါးမျိုးသစ်အကြောင်း ရှင်းလင်း ‌ပြောကြားပြီး ခရိုင် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ ဝန်ကြီးဌာန ကိုယ်စားပြု ခရိုင်ရုံး၊ ခရိုင်ဦးစီးမှူး ဦးခင်မောင်မြင့်က လယ်ယာမြေ ဥပဒေ၊  နည်းဥပဒေများကို ရှင်းလင်းဆွေးနွေးသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဖြန့်ဖြူးသော ဓာတ်မြေဩဇာများကို တောင်သူများသို့ ပေးအပ်ခဲ့ပြီး အောင်နိုင်တိုး စပါးမျိုးသစ် စံပြကွက်စိုက်ပျိုးထားသော တောင်သူဦးဝင်းမြင့်၏ စိုက်ဧကငါးဧက စံပြစိုက်ခင်းအား ဓာတ်မြေဩဇာ ကြဲပက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)

No comments

Powered by Blogger.