စားသောက်ကုန်လုပ်ငန်းသုံးဆီ ထုတ်ယူသုံးစွဲနေသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆီဖြန့်ဖြူးပေးမှုအား ရှင်းလင်းပြောကြား

 



မြန်အောင် စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့က မြို့နယ်အတွင်း စားသောက်ကုန် လုပ်ငန်းသုံးဆီ ထုတ်ယူသုံးစွဲနေသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆီဖြန့်ဖြူးပေးမှုအား ရှင်းလင်းပြောကြားခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းက အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးသက်နိုင်ဝင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်နှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦးတို့က လုပ်ငန်းလိုင်စင် ပြုလုပ်ရေး၊ လုပ်ငန်းသုံး စားအုန်းဆီများ စနစ်တကျ ခွဲဝေပေးနေမှု အခြေအနေများ၊ ဆီရရှိမှုနှင့် ခွဲဝေဖြန့်ဖြူးပေးမည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြန်အောင်မြို့နယ်အတွင်း လုပ်ငန်းသုံး ဆီထုတ်ယူသုံးစွဲသည့် လုပ်ငန်းရှင် ၁၆၃ ဦးတို့အား သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဆီဖြန့်ဖြူး ရောင်းချပေးကြောင်း သိရသည်။

ဝင်းဗိုလ်(မြန်အောင်)

No comments

Powered by Blogger.