မြန်မာ့လိပ်ပြာမျိုးစိတ် ၂၀၀ ကျပ်တန် (၁၁) လုံးပါ အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုး ရောင်းချပေးမည်

 



နေပြည်တော် စက်တင်ဘာ ၁၈

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  မြန်မာ့စာတိုက်လုပ်ငန်းမှ ထုတ်ဝေခဲ့ပြီးသော မြန်မာနိုင်ငံ၌ တွေ့ရှိရသည့် လိပ်ပြာမျိုးစိတ် ၁၁ မျိုး တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်း စုဆောင်းသူ ဝါသနာရှင်များ တစုတစည်းတည်း စုဆောင်းနိုင်ကြရန်ရည်ရွယ်၍ မြန်မာ့လိပ်ပြာမျိုးစိတ်  ၂၀၀ ကျပ် တန် ၁၁ လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးအား ၂၀၂၅ ခုနှစ်၊  စက်တင်ဘာ ၂၀ ရက်၊  မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တော်သလင်းလပြည့်ကျော်  ၁၄ ရက် (စနေနေ့) နံနက် ၉ နာရီခွဲ မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊  မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း  ရောင်းချပေးသွားမည်ဖြစ်သည်။

 

အထူးအစီအစဉ်တစ်ရပ် အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင်  ၂၀၂၅  ခုနှစ် စက်တင်ဘာ (၂၀)ရက်  (စနေနေ့)တွင်  ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်သည်။

သတင်းစဉ်

No comments

Powered by Blogger.