ဥတ္တရသီရိမြို့နယ်၌ အာဟာရအခြေအနေဆန်းစစ်ခြင်းနှင့် စောင့်ရှောက်မှုပေးခြင်းလုပ်ငန်များ ဆောင်ရွက်

 



ဥတ္တရသီရိ  စက်တင်ဘာ  ၁၇

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ အသက်ငါးနှစ်အောက် ကလေးငယ်များအား အာဟာရအခြေအနေ ဆန်းစစ်ခြင်းနှင့် စောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဝါဝါညွန့်ရွှေ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့နှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အသက် ငါးနှစ်အောက် ကလေးများ၏ အာဟာရအခြေအနေများ ဆန်းစစ်၍ လိုအပ်သောစောင့်ရှောက်မှု ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)

No comments

Powered by Blogger.