ကမ္ဘာဂြိုဟ်နှင့် အလားသဏ္ဌာန်တူသည့် ဂြိုဟ်တစ်ခုရှာဖွေတွေ့ရှိ
နယူးယောက် စက်တင်ဘာ
၂၁
ကမ္ဘာဂြိုဟ်နှင့် အလားသဏ္ဌာန်တူသည့် ဂြိုဟ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး အသေးစိတ်လေ့လာမှု
များ ဆောင်ရွက်နေကြောင်း အာကာသ သိပ္ပံပညာရှင်များက
ပြောကြားသည်။
အဆိုပါဂြိုဟ်သည် ကမ္ဘာမှ အလင်းနှစ် ၄၀ ခန့်အကွာရှိ TRAPPIST-1 ဟုခေါ်သော ဂြိုဟ်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ဘယ်လ်ဂျီယံ
နက္ခတ္တဗေဒ ပညာရှင်ငါးဦးက ရှာဖွေတွေ့ရှိခဲ့သည်။
ယင်းဂြိုဟ်သည် ကြာသပတေးဂြိုဟ်၏ အရွယ်နှင့်တူသည်ဟု ခန့်မှန်းထားကာ ၎င်းတွင် လူသား များနေထိုင်သည့် ဇုန်အပါအဝင် သုံးစွဲရန်ရေရှိနိုင်သည်ဟု
ဘယ်တီမိုးရှိ အာကာသသိပ္ပံအင်စတီကျုမှ နက်စတာအက်ပီနိုစာက ပြောကြားသည်။ “TRAPPIST-1 သည် လူသားများနေထိုင်ရန်အတွက် ဇုန်တစ်ခုဖြစ်လာနိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိရေးအတွက် ထပ်မံလေ့လာမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း
Massachusetts Institute of Technology မှ ဂြိုဟ်သိပ္ပံဆိုင်ရာ ပါမောက္ခ Sara
Seager က ပြောကြားခဲ့သည်။
၎င်းဂြိုဟ်သည်သက်ရှိများအတွက်နေထိုင်ရန် လုံလောက်သည့် ဂြိုဟ်တစ်ခုဖြစ် မဖြစ် ဆန်းစစ်မှု ဆောင်ရွက်မည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
ကိုးကား - စီအင်န်အင်န်
ဘာသာပြန် - စိုးသူရ
No comments