တောင်ကိုရီးယားနိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှု ဩဂုတ်လတွင် သုံးလဆက်တိုက်မြင့်တက်
စက်တင်ဘာ ၁၆
တောင်ကိုရီးယားနိုင်ငံ၏
မော်တော်ယာဉ်တင်ပို့မှုသည် ဉရောပမှဝယ်လိုအားခိုင်မာမှုကြောင့် သုံးလဆက်တိုက်မြင့်တက်လာကြောင်း
ယနေ့ဖော်ပြထားသော အစိုးရအဖွဲ့အချက်အလက်များအရ သိရသည်။
မော်တော်ယာဉ်တင်ပို့မှုသည်
ယခင်နှစ်ကထက် ၈ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်လာကာ ဇွန်လနှင့် ဇူလိုင်လတို့တွင် ဂဏန်းတစ်လုံးတည်းတက်လာပြီးနောက်
ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၀ ဘီလီယံအထိရှိလာကြောင်း
ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနက ပြောကြားသည်။
အမေရိကန်သို့ မော်တော်ကားတင်ပို့မှုသည်
၁၅ ဒသမ ၂ ရာခိုင်နှုန်း၊ ၂ ဒသမ ၁၀ ဘီလီယံသို့ ကျဆင်းသွားသော်လည်း ဥရောပသမဂ္ဂ (EU) နှင့်
ဥရောပရှိ အခြားနိုင်ငံများသို့ တင်ပို့မှုသည် ဒေါ်လာ ၇၉၂ သန်းနှင့် ဒေါ်လာ ၅၄၇ သန်းအထိ နှစ်ဆတိုးသွားခဲ့သည်။
ဩဂုတ်လတွင် ပြည်ပသို့တင်ပို့သည့်
မော်တော်ယာဉ်အရေအတွက်မှာ ၂၀၀၃၁၇ ရှိပြီး ယခင်နှစ်ကထက် ၅.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းနှင့်
မော်တော်ယာဉ် အစိတ်အပိုင်းများ တင်ပို့ရောင်းချမှုမှာ ၈ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း
ဖော်ပြထားသည်။
ပြည်တွင်း စက်ရုံများတွင်
ထုတ်လုပ်သည့် မော်တော်ယာဉ် အရေအတွက်သည် နှစ်စဉ်သြဂုတ်လတွင် ၃၂၁၀၀၈ ရှိပြီး ၇ ဒသမ ၁
ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
ပြည်တွင်းထုတ်ကားများနှင့်
တင်သွင်းသည့်မော်တော်ယာဉ်များအပါအဝင် ပြည်တွင်း၌ ရောင်းချသည့် ယာဉ်အရေအတွက်သည် သြဂုတ်လတွင် ၁၃၈၈၀၉ စီးရှိပြီး ယခင်နှစ်ထက် ၈.၃
ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments