လှည်းကူးမြို့နယ်၌ မျိုးစေ့ချကိရိယာများ စမ်းသပ်သရုပ်ပြ

 



လှည်းကူး စက်တင်ဘာ ၁၇ 

ရန်ကုန်တိုင်းဒေသကြီး   လှည်းကူးမြို့နယ်   သနပ်ပြင်ကျေးရွာ တောင်သူ ဦးအောင်လွင်၏ လယ်တစ်ဧကပေါ်၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တောင်သူများထံသို့ ဖြန့်ဖြူးပေးမည့် မျိုးစေ့ချကိရိယာများ စမ်းသပ်သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။ 

ထိုသို့စမ်းသပ်သရုပ်ပြရာတွင် တက်ရောက်လာကြသော တောင်သူများက မျိုးစေ့ချ ကိရိယာများအား ကွင်းအတွင်း လက်တွေ့စမ်းသပ် သရုပ်ပြခဲ့ကြပြီး လိုအပ်သည်များကို ဆွေးနွေးခဲ့ကြသည်။ 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးအဆင့် မြေ၊ မျိုး၊ ပိုး တာဝန်ခံများက  ပန်းတိုင်အထွက်နှုန်းရရှိအောင်  စိုက်ပျိုး ထုတ်လုပ်ရေးအတွက်  တောင်သူများအား နည်းပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

အေးအေးနွဲ့(လှည်းကူး)

No comments

Powered by Blogger.