ကြို့ပင်ကောက်မြို့၌ မိုးစပါးစံကွက် ရိတ်သိမ်း

 


 

ကြို့ပင်ကောက် စက်တင်ဘာ ၁၇

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် အောင်နိုင်တိုး မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို အောင်ပင်သာ ကျေးရွာအုပ်စု ကျွဲဘိကျေးရွာမှ တောင်သူ ဦးထွန်းထွန်းမြင့်၏ အောင်နိုင်တိုး စပါးစိုက်ခင်း ငါးဧကတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

 

အဆိုပါ အောင်နိုင်တိုး စပါးမျိုးကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အကူအညီဖြင့် ဝယ်ယူစိုက်ပျိုးထား ခြင်းဖြစ်ကြောင်း၊ သဘာဝမြေ ဩဇာနှင့် ယူရီးယားဓာတ်မြေဩဇာ ပေါင်းစပ်ထည့်သွင်း စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ စပါးအထွက်နှုန်းမှာ တစ်ဧကလျှင် စပါးအစို ၁၃၅ တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ်က မှော်ဘီ-၃ စပါးမျိုး စိုက်ပျိုးခဲ့ရာ တစ်ဧကလျှင် ၉၅ တင်းသာ ထွက်ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်ချက်များဖြင့် စိုက်ပျိုးခဲ့ သောကြောင့် အထွက်နှုန်းတိုးတက်ရရှိခဲ့ကြောင်း သိရသည်။

 

အောင်နိုင်တိုး မိုးစပါးစံကွက် ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျနှင့် မြို့နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.