ယခုနှစ်အတွင်း ရုရှားခရီးသွားနှစ်သန်းကျော် တရုတ်နိုင်ငံသို့ ခရီးသွားလာဖွယ်ရှိ
စက်တင်ဘာ ၁၂
ရုရှားနိုင်ငံသားများအတွက် တရုတ်နိုင်ငံ၏ စမ်းသပ်ဗီဇာကင်းလွတ်ခွင့်မူဝါဒကြောင့်
တရုတ်နိုင်ငံသို့ ၂၀၂၅ ခုနှစ်အတွင်း ရုရှားခရီးသွားနှစ်သန်းကျော် ခရီးသွားလာဖွယ်ရှိကြောင်း
သိရသည်။
ဗီဇာကင်းလွတ်ခွင့်မူဝါဒကို မိတ်ဆက်ခြင်းသည်
စက်တင်ဘာနှင့်အောက်တိုဘာလတို့တွင် ခရီးသွားဝင်ရောက်မှု ၄၀ ရာခိုင်နှုန်း များပြားလာမည်ဟု
မျှော်လင့်ကြောင်း ရုရှားခရီးသွားလုပ်ငန်းရှင်များအသင်းအမှုဆောင်ဒါရိုက်တာက ပြောကြားသည်။
တရုတ်နိုင်ငံသည် ရုရှားခရီးသွားများအတွက် တူကီယဲနိုင်ငံပြီးလျှင်
ဒုတိယအကြီးဆုံးအပန်းဖြေနေရာဖြစ်လာကာ ခရီးသွားနှစ်သန်းကျော်အထိ မျှော်မှန်းထားသည်ဟု
၎င်းကဆိုသည်။
ရုရှားခရီးသွားကဏ္ဍသည် မော်စကို၏ ပို့ဆောင်ဆက်သွယ်ရေးမူဝါဒများကို
ကြိုဆိုဖိတ်ခေါ်နေပြီး ရုရှား၏ ဗီဇာကင်းလွတ်ခွင့်မူဝါဒကိုမိတ်ဆက်ခြင်းသည် အထူးသဖြင့်
နယ်စပ်ဒေသများတွင် တရုတ်ခရီးသွားများ ချက်ချင်းပင်ပိုမိုများပြားလာမည်ဟု ၎င်းအနေဖြင့်ယုံကြည်ကြောင်း
ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments