အင်းစိန်မြို့နယ်၌ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး အသိပညာပေးဆွေးနွေး
ရန်ကုန် စက်တင်ဘာ ၁၄
အလုပ်သမားဝန်ကြီးဌာနအလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန
အင်းစိန်ခရိုင်ရုံးမှ သင်ထောက်ကူမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ
ကိစ္စရပ်များနှင့် အလုပ်သမားများ၏ ဥပဒေပါရပိုင်ခွင့်များဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို
စက်တင်ဘာ ၁၁ ရက်က အင်းစိန်မြို့နယ်ရှိ ရွှေပြည်သာစက်မှုဇုန်(၃)မှ အာရှသမာဓိအထည်ချုပ်စက်ရုံ၊
Jiangsu Soho အထည်ချုပ်စက်ရုံ၊ Meeshka Manufacturing Myanmar Co.,Ltd (အထည်ချုပ်)စက်ရုံနှင့်
ရွှေရည်စံပယ်အထည်ချုပ်စက်ရုံတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ
ကိစ္စရပ်များနှင့် အလုပ်သမားများ၏ ဥပဒေပါရပိုင်ခွင့်များဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွင်
လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်မမလေးနှင့် ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်စိုး (ဥပဒေစစ်ဆေးရေး)တို့က
လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ သက်သာချောင်ချိရေးဆိုင်ရာ
ကိစ္စရပ်များ၊ အလုပ်သမားများ၏ ဥပဒေပါ ရပိုင်ခွင့်များဖြစ်သော အလုပ်ချိန်၊ နားချိန်၊
နားရက်၊ အချိန်ပိုကိစ္စရပ်များ၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်၊ လုပ်ခလစာနှင့်ပတ်သက်သည့်
ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးခြင်းဖြင့်လည်း အလုပ်ရှင်နှင့်အလုပ်သမားများအနေဖြင့်
အလုပ်သမားရေးရာ ဥပဒေများကို ပိုမိုသိရှိနားလည်ပြီး လုပ်ငန်းခွင်အေးချမ်းသာယာ၍ ကုန်ထုတ်လုပ်မှု
မြင့်မားကာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း
သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)
No comments