ကရင်ပြည်နယ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
ဘားအံ စက်တင်ဘာ ၁၄
ကရင်ပြည်နယ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့က ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ပေးအပ်ချီးမြှင့်
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အခြေခံပညာအသက် (၁၀) နှစ်မှ (၁၅) နှစ်အထိ အမျိုးသား၊ အမျိုးသမီး အက ပြိုင်ပွဲ၊ အခြေခံပညာ အသက် (၁၅) နှစ်မှ (၂၀) အထိ အမျိုးသား၊ အမျိုးသမီးအကပြိုင်ပွဲ၊ ခေတ်ဟောင်း တေး/ ကာလပေါ် အခြေခံပညာ အသက် (၁၀) နှစ်မှ (၁၅) နှစ်အထိ အမျိုးသား၊ အမျိုးသမီး အဆိုပြိုင်ပွဲ၊ အသက် (၁၅) နှစ်မှ (၂၀) အထိ အမျိုးသား၊ အမျိုးသမီးအဆိုပြိုင်ပွဲ၊ မဟာဂီတအခြေခံပညာ အသက် (၁၀) နှစ်မှ (၁၅) နှစ်အထိ အမျိုးသား၊ အမျိုးသမီးအဆိုပြိုင်ပွဲ၊ အသက် (၁၅) နှစ်မှ (၂၀) အထိ အမျိုးသား၊ အမျိုးသမီးအဆိုပြိုင်ပွဲ၊ မဟာဂီတအဆင့်မြင့် ပညာအဆင့် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ၊ အခြေခံပညာ အသက် (၁၅) နှစ်မှ (၂၀) အထိ အမျိုးသားအရေး ပြိုင်ပွဲ၊ ကဗျာလွတ်အကပြိုင်ပွဲ၊ ဆိုင်းတစ်ဦးချင်း အတီးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုနှင့် နှစ်သိမ့်ဆု ရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဒိုင်အဖွဲ့နှင့် အတီးပံ့ပိုးအဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
အားပေးစကား ပြောကြား
ထို့နောက် ပြိုင်ပွဲတွင် ပထမဆုရရှိကြသူများက ပြန်လည်ကပြ၊ သီဆို၊ တီးမှုတ်ဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်များကို ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
No comments