လသာမြို့နယ်၌  အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

 



ရန်ကုန် စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်တွင် ပြေစာများပေါ်၌ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ အခွန်အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၃ ရက်က မြို့နယ်အခွန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်အောင်မေက ပြေစာများပေါ်တွင်  အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အခွန်ဆိုင်ရာ သိကောင်းစရာများကို  ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ထို့နောက်  တက်ရောက်လာသည့်  စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းရာ မြို့နယ် အခွန်ဦးစီးဌာနမှူးက ပြန်လည်ဖြေရှင်း ဆောင်ရွက်ခဲ့ ပြီး  အဆိုပါဆွေးနွေးပွဲသို့  မြို့နယ် အခွန်ဦးစီးဌာနမှူး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ မှူး၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော  စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေလင်း(ပြန်/ဆက်)

No comments

Powered by Blogger.