လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

 



 ရန်ကုန် စက်တင်ဘာ ၁၄

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

 

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်က သဘာဝဘေးအန္တရာယ်၊ မတော်တဆထိခိုက်မှုနှင့် အရေးပေါ်အခြေအနေများတွင် ရှေးဦးပြုစုခြင်း၏ အခန်းကဏ္ဍသည် အလွန်အရေးပါသည့် ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ကြောင်း၊ ရှေးဦးပြုစုခြင်းဖြင့် လူ့အသက်များကို ကယ်တင်နေကြသည့် ကြက်ခြေနီ စေတနာ့လုပ်အား ရှင်များနှင့် ပရဟိတ အသင်းအဖွဲ့များကို လေးစားဂုဏ်ယူကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ဥပဒေပါအတိုင်း အသင်း၏ စေတနာ့ဝန်ထမ်း ဆောင်ရွက်မှုများကို အလေးထားပြီး လုပ်ငန်းဆောင်ရွက်မှုများကို အောင်မြင်အောင် ဝိုင်းဝန်းကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်ဌေး တက်ရောက်သည်။

 

ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အပတ်စဉ် ၁/၂၀၂၅မှ ၇/၂၀၂၅ အထိ သင်တန်းများတွင် ထူးချွန်စွာဖြေဆိုအောင်မြင်ခဲ့သော သင်တန်းသား သင်တန်းသူများအား ဆုများပေးအပ်ခြင်း၊ အောင်လက်မှတ်များပေးအပ်ခြင်း၊ နည်းပြများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခြင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ မတည်ငွေအလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ လူမှုကရုဏာလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော စေတနာ့ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား တာဝန်ရှိသူများကဂုဏ်ပြုဆုများ၊ ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်သည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.