မကြာမီရောက်ရှိလာတော့မည့် သီတင်းကျွတ်အမှတ်တရ Design အသစ်နှင့် YPS ကတ်အသစ်ကို ထပ်မံထုတ်လုပ်မိတ်ဆက်



ရန်ကုန် စက်တင်ဘာ ၂၀

 

မကြာမီ ရောက်ရှိလာတော့မည့် သီတင်းကျွတ်အမှတ်တရ Design အသစ်နှင့် YPS ကတ်အသစ်ကို Yangon Payment Services -YS ထပ်မံ မိတ်ဆက်လိုက်သည်။ ဝါလကင်းလွတ် သီတင်းကျွတ် ကာလကို ရောက်တော့မည် ဖြစ်၍ အမှတ်တရအနေဖြင့် လက်ဆောင်ပေးနိုင်ရန် သီတင်း ကျွတ်အမှတ်တရ Design အသစ် ဖြင့် YPS ကတ်အသစ်ကို ထပ်မံ ထုတ်လုပ်လိုက်ကြောင်း သိရသည်။ သီတင်းကျွတ် Design ဖြင့် YPS ကတ်အသစ်ကို ယခုလက်ရှိ တွင် YPS အရောင်းကောင်တာ များတွင် ရောင်းချပေးနေပြီဖြစ်၍ ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သိရ သည်။

 

YPS Card နှင့် YPS QR Services များကို YBS ယာဉ်လိုင်း နံပါတ်များဖြစ်သည့် YBS (2),  (3),  (4),  (6),  (7),  (8),  (10),  (11), (12),  (13),  (14),  (15),  (17),  (18),  (19),  (21),  (22) ,  (23),  (24),  (25),  (26),  (27), (28), (29),  (30),  (31),  (32),  (35), (36), (37), (38),  (39),  (40),  (42), (43), (55),  (57),  (58),  (59),  (60), (61),  (62),  (63),  (64),  (65),  (66), (68), (72), (76) ,  (77),  (78),  (79), (80),  (81),  (84),  (85),  (87),  (88), (89),  (90),  (92) ,  (93),  (94),  (96),  (97), (100), (103),  (104),  (105), (106), (107),  (108),  (109),  (110), (111), (112), (113), (114), (115), (116),  (117), (118),  (119)(120),  (128),  (130), (131), (132), (133), (134),  (135),  (136),  (137),  (138), (139), (140), (141),  (142),  (143),  (144) ,  (145) ယာဉ်လိုင်း တို့တွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

YPS ကတ်နှင့် YPS QR ဝန်ဆောင်မှုများကို YPS အရောင်း ကောင်တာများ၊ G&G Conve-nience Store များ၊ Capital Supermarket များ၊ ငြိမ်းချမ်းရေး စတိုး(စံပြစျေးအနီး)၊ သမာဓိ Mini Mart (အင်းစိန်ပန်းခြံအနီး)၊ YBS 21 (Power 11) ကားဂိတ်၊ YBS 57 ကားဂိတ် (သခင်မြပန်းခြံ)၊ YBS 81 ကားဂိတ် (သုခဒဂုံအိမ်ရာ)၊ YBS (61) - အနောက်ပိုင်းနည်းညာ တက္ကသိုလ် (လှိုင်သာယာ) ကားဂိတ်နှင့် YBS (35) ဂိတ်ရင်း (ထောက်ကြန့်) ကားဂိတ်၊ စိုက်ပျိုး ရေးမှတ်တိုင် (ကိုယ်စားလှယ် အရောင်းဆိုင်)၊ Rangoon Minimart (ကမ်းနားလမ်းနှင့် နတ်စင်လမ်းထောင့်)နှင့်အေးချမ်းစတိုး (ရတနာဉာဏ်ရောင် ကျောင်းတိုက်ရှေ့ ဓမ္မရိပ်သာ လမ်း ကြည်စုရပ်ကွက် ဒေါပုံ မြို့နယ်) တွင် ပြုလုပ်နိုင်ကြောင်း သိရသည်။

 

YPS ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိ လိုပါက Yangon Payment Services Facebook Page Messenger မှတစ်ဆင့် စုံစမ်း မေးမြန်းနိုင်ရုံသာမက Call Center Phone Number: (Hotline နံပါတ်) 09772666699 သို့ တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးချိန် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင် ကြောင်း သိရသည်။

 

မေသက်

No comments

Powered by Blogger.