ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်းအခမ်းအနား တက်ရောက်
နေပြည်တော် စက်တင်ဘာ ၁၇
ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်
(MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ မဲပေးခြင်း အခမ်းအနားကို
ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်
ဦးထိန်လင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်၊
ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင်က
မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
စစ်တွေမြို့ပေါ် ရပ်ကွက်များမှ ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဖြင့်
လက်တွေ့စမ်းသပ်မဲပေးနေမှုကို လှည့်လည် ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်
ပေါင်းစပ်ညှိနှိုင်းပေးကာ ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ယင်းနောက် စစ်တွေမြို့ သန့်ရှင်းသာယာလှပရေးအတွက်
စစ်တွေမြို့ လုပ်ကွက်အမှတ်(၂) မောလိပ်ရပ်ကွက် ကျောင်းကြီးလမ်းနှင့် ဗောထီးလမ်း၌ အထူးသန့်ရှင်းရေးအဖွဲ့က
စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုကို လည်းကောင်း၊ ဗောထီးလမ်း၊ အောင်ထွန်းဦးလမ်း၊
ကျောင်းကြီးလမ်းနှင့် ရေတွင်းလမ်းတို့တွင် သန့်ရှင်းရေး ဆောင်ရွက်နေမှုကို လည်းကောင်း
လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)
No comments