ကော့သောင်းမြို့၌ UID ထုတ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်း ဆောင်ရွက်ပေး
ကော့သောင်း စက်တင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ UID(Smart Card)များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၁၃ ရက်မှ ၁၄ ရက်အထိ ကော့သောင်းမြို့နယ် အမှတ် (၅၈) ရေတပ် အခြေစိုက်စခန်း (ဇာဒက်ကြီးကျွန်း)နှင့် ဇာဒက်ကြီး ကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းမြေ့ဇေဦးနှင့် အဖွဲ့တို့က ဇာဒက်ကြီး ကျေးရွာနေပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် လိုအပ်သည့် အချက်အလက်များကို စိစစ်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းနှင့် UID (Smart Card) များ ဆောင်ရွက်ပေးခြင်းများ၊ အိမ်ထောင်စုလူဦးရေစာရင်းများ (one stop)ဆောင်ရွက်ပေးခြင်းများ သွားရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments