ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်ရိုက်မျိုးစေ့ချကိရိယာ ထုတ်လုပ်နေမှု ကြည့်ရှုစစ်ဆေး

 



ရန်ကုန် စက်တင်ဘာ ၁၅

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် Vinny Co., Ltd မှ တိုက်ရိုက်မျိုးစေ့ချကိရိယာများကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၂၆)ရပ်ကွက်၌ ထုတ်လုပ်နေမှုကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေး

ဦးစွာ Vinny Co.,Ltd မှ တာဝန်ရှိသူများက တိုက်ရိုက်မျိုးစေ့ချကိရိယာ ထုတ်လုပ်နေမှု အခြေအနေ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က တိုက်ရိုက်မျိုးစေ့ချကိရိယာ ထုတ်လုပ်နေမှုကို လည်းကောင်း၊ တပ်ဆင်ပြီး တိုက်ရိုက်မျိုးစေ့ချကိရိယာများနှင့် ထပ်မံထုတ်လုပ် မည့်ပုံစံနမူနာများကို လည်းကောင်း၊ ပြသထားသည့် ကုန်ကြမ်းပစ္စည်း အစိတ်အပိုင်းများ၊ ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ပုံလုပ်ငန်းအဆင့်ဆင့် လည်ပတ်နေမှု၊ ကုန်ကြမ်းပစ္စည်း အစိတ်အပိုင်းများ ပြန်လည် တပ်ဆင်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)

No comments

Powered by Blogger.