မြဝတီမြို့ ပူလွဲပူကျေးရွာ(ရွှေကုက္ကိုလ်)တွင် အီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ ဟောပြောပွဲ၊ စမ်းသပ်မဲပေးခြင်းနှင့် အသုံးပြုနည်းဆင့်ပွားသင်တန်းဖွင့်

 



မြဝတီ စက်တင်ဘာ ၁၅

ကရင်ပြည်နယ် မြဝတီခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVE)ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ စမ်းသပ် မဲပေးခြင်းနှင့် မဲပေးစက်ကိုင်တွယ် အသုံးပြုနည်း ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၂ ရက်တွင် မြဝတီမြို့နယ် ပူလွဲပူ ကျေးရွာအုပ်စု (ရွှေကုက္ကိုလ်) အခြေခံပညာ အထက်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပသည်။

ဦးစွာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက မြဝတီ မြို့နယ်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ အများပြည်သူ သိသင့်သိထိုက်သည့် အချက်များ၊ မဲစာရင်းတွင် ပါဝင်သူ အမျိုးသား အမျိုးသမီးများက မဲပေးပိုင်ခွင့် ရှိသူများ၊ အသက် ၁၈ နှစ် ပြည့်ပြီးသော်လည်း မဲပေးပိုင်ခွင့် မရှိသူများနှင့် ပတ်သက်သည့် အချက်များ၊ မြန်မာအီလက်ထရောနစ် မဲပေးစက် ကိုင်တွယ်အသုံးပြုပုံ အဆင့်ဆင့်နှင့် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်များကို ရှင်းလင်း ဟောပြောသည်။

ထို့နောက် အီလက်ထရောနစ် မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းကို မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီခွဲအထိ အဆိုပါ ခန်းမဆောင်၌ ဆက်လက် ကျင်းပခဲ့ရာ အခြေခံပညာဦးစီးဌာန ပူလွဲပူကျေးရွာ (ရွှေကုက္ကိုလ်)အတွင်းရှိ ဆရာ ဆရာမ ၄၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.