ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်တက္ကသိုလ်အတွင်း ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လွိုင်ကော်မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
လွိုင်ကော်
အောက်တိုဘာ ၃၁
ကယားပြည်နယ်ဝန်ကြီးချုပ်
ဦးဇော်မျိုးတင်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင်
လွိုင်ကော်တက္ကသိုလ်အတွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၊ ဘောလုံးကွင်းနှင့် အားကစားခန်းမအဆောက်အအုံများ
ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ၊ လွိုင်ကော်မြို့နယ်အတွင်း
နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်
ဆောင်ရွက်နေမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 
ဦးစွာ
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်တက္ကသိုလ်သို့ ရောက်ရှိကာ
တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၊ အစည်းအဝေးခန်းများ၊ နားနေဆောင်များနှင့် သန့်စင်ခန်းများ
ပြုပြင်မွမ်းမံပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက်
တက္ကသိုလ် ဘောလုံးကွင်းသို့ ရောက်ရှိပြီး အားကစားပွဲများ အချိန်မီကျင်းပနိုင်ရေး ကွင်းအတွင်း
မြက်များ ရှင်းလင်းဆောင်ရွက်ရန်၊ မီတာ ၄၀၀ ပြေးလမ်းများ ဆောင်ရွက်ရန်နှင့် အားကစားခန်းမများကို
ကျောင်းသား ကျောင်းသူများ အသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား
မှာကြားသည်။
ထို့နောက်
လွိုင်ကော်မြို့ မြေနီကုန်းရပ်ကွက်ရှိ အသားတိုးကြက် မွေးမြူရေးခြံသို့ သွားရောက်ကာ
အသားတိုးကြက်သားပေါက်များ မွေးမြူထားရှိမှု၊ ပြုစုထားရှိမှု၊ လွိုင်ကော်မြို့ ပန်ကန်းတိုးချဲ့
ရပ်ကွက်ရှိ ဥစားကြက်မွေးမြူရေး ခြံများ၌ ဥစားကြက်များ မွေးမြူ
အောင်မြင်ဖြစ်ထွန်းနေမှု၊ ပန်ကန်းတိုးချဲ့ရပ်ကွက်ရှိ မွေးမြူရေးခြံများ
ဈေးကွက်သို့ လွယ်ကူချောမွေ့စွာ တင်ပို့နိုင်ရေး ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်
အမာခံကျောက်လမ်း အရှည် ပေ ၁၁၀၀၊ အကျယ် ၁၂ ပေ ခင်းကျင်း ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍
ရေနီကန်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် စံပြဝက်မွေးမြူရေးခြံ အခြေအနေ၊
ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲအတွင်းရှိ ပျားဘုရင်မ မွေးမြူရေး စခန်းတွင်
ပျားများမွေးမြူထားရှိမှု အခြေအနေများ၊ ထပ်မံရောက်ရှိသည့် ပျားပုံးအသစ်များကို
ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်၏ ပျားမွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုး ဆောင်ရွက်သွားရန်
တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။ 
ပြည်နယ်(ပြန်/ဆက်)
No comments