ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ် အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီ ညှိနှိုင်းဆွေးနွေး
နေပြည်တော်
အောက်တိုဘာ ၃၁
ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏
ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ် အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီ(၄/၂၀၂၅)
ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State
Polytechnic University  ၌  Hybrid 
စနစ်ဖြင့် 
ကျင်းပသည်။
ဦးစွာ  လုပ်ငန်းကော်မတီဥက္ကဋ္ဌ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ယနေ့ခေတ်၌ Digital Transformation
သည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏
အဓိကမဏ္ဍိုင်တစ်ခုဖြစ်ပြီး AI စသော ထွန်းသစ်စဒစ်ဂျစ်တယ် နည်းပညာများသည်
အရှိန်အဟုန်ဖြင့် တိုးတက်လာနေပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအတိုင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့်
ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး၊ MSMEs များ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ဒစ်ဂျစ်တယ်နည်းပညာကို
အကျိုးရှိထိရောက်စွာအသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊   သို့ဖြစ်ရာ 
မြန်မာဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ ပါ မိမိတို့လုပ်ငန်း
ကော်မတီဆိုင်ရာမဟာဗျူဟာ မဏ္ဍိုင်များအလိုက် မဟာဗျူဟာပန်းတိုင်များ ပြည့်မီအောင်
လုပ်ငန်းစဉ်များကို သတ်မှတ်ကာလများအတွင်း   
ပြီးမြောက်အောင် ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုး
တိုးတက်ခိုင်မာရေးနှင့်ပြည်သူ့ရေရှည်အကျိုးစီးပွားကို လွှမ်းခြုံဖော်ဆောင်ပေးမည့်
ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်း 
ဖြစ်ထွန်းလာစေရေးအတွက် စံအရည်အသွေးပြည့်မီသော  ဒစ်ဂျစ်တယ်လူ့စွမ်းအားရင်းမြစ်များ
ပျိုးထောင်သွားရန်၊ နည်းပညာအရွေ့များကိုလိုက်မီသော AI၊
Cybersecurity
နှင့် Digital Citizenship ဆိုင်ရာသင်တန်းများ၊  Digital Ethics ဆိုင်ရာ
အသိပညာပေးပွဲများ မြှင့်တင် ဆောင်ရွက်သွားရန်၊ ပြည်သူများ၏
လက်ဝယ်အရောက်ဒစ်ဂျစ်တယ်နည်းပညာ ဖြန့်ဝေပေးမှုများ    ဆောင်ရွက်သွားရန်၊
ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာအစိုးရဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းတို့မှ
သက်ဆိုင်သူများ အားလုံးဟန်ချက်ညီညီဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်
လိုအပ်ပါကြောင်း၊ မိမိတို့လုပ်ငန်း ကော်မတီက ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း ၃၁
ခု၊ Private
Sector  လေးခုတို့ထံ  ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ၂၀၁၀
ပြည့်နှစ်မှ ၂၀၂၅ ခုနှစ် မတ်လအထိ စစ်တမ်းသုံးခုဖြင့် ကောက်ခံထားရှိပြီးဖြစ်ပါကြောင်း
လက်ခံရရှိပြီးသော အချက်အလက်များအား Analysis ပြုလုပ်ပြီးဖြစ်ပါကြောင်း၊
သို့ဖြစ်ရာ မိမိတို့ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း ၍
အကြံပြုဆွေးနွေးပေးကြပါရန် တိုက်တွန်းပြောကြားသည်။
ညှိနှိုင်းဆောင်ရွက်
ယင်းနောက်  လုပ်ငန်းကော်မတီ အတွင်းရေးမှူး
အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန   
ညွှန်ကြား ရေးမှူးချုပ်  
ဒေါက်တာနေခြည် လဲ့လဲ့သိန်းက လုပ်ငန်းကော်မတီ ၏ (၃/၂၀၂၅) ကြိမ်မြောက်
လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ ဆုံးဖြတ်ချက်များအပေါ်  ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်
စစ်တမ်းရလဒ် များကို    
သုံးသပ်ရှင်းလင်းတင်ပြသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော   လုပ်ငန်း ကော်မတီဝင်   ဌာနဆိုင်ရာအရာရှိကြီးများ၊ ပြင်ပအဖွဲ့အစည်းများ
ဖြစ်ကြသော UMFCCI၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊   
မြန်မာ နိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်း ရှင်များအသင်း၊ Myanmar Digital  Economy  
Association   တို့မှ အဆင့်မြင့်   တာဝန်ရှိသူများက
စစ်တမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အချက်များကို ရင်းနှီး
ပွင့်လင်းစွာဆွေးနွေးကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။               
 သတင်းစဉ်
No comments