ဂျော်ဂျီယာအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး စပိန်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ ရှုံးပွဲမရှိစံချိန်တင်
စပိန်အသင်းဟာ ဥရောပဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၁ ရက်က
ဂျော်ဂျီယာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရှုံးပွဲမရှိစံချိန်တင်ခဲ့ပြီ ဖြစ်ပါ တယ်။
စပိန်အသင်းနဲ့ ဂျော်ဂျီယာ အသင်းတို့ပွဲစဉ်မှာ စပိန်အသင်းက နှစ်ဂိုး-ဂိုးမရှိနဲ့
အနိုင်ရခဲ့တာဖြစ်ပြီး စပိန်အသင်းအတွက် သွင်းဂိုးတွေ ကို ပထမပိုင်းပွဲကစားချိန် ၂၄ မိနစ်မှာ ပီနိုက
တစ်ဂိုး၊ ဒုတိယပိုင်း ပွဲကစားချိန် ၆၄ မိနစ်မှာ အိုယာဇာဘယ်က တစ်ဂိုး သွင်းယူပေးခဲ့
တာ ဖြစ်ပါတယ်။
စပိန်အသင်းဟာ ဂျော်ဂျီယာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ၂၀၂၆
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ယှဉ်ပြိုင်နေတဲ့ ဥရောပဇုန်ခြေစစ်ပွဲ သုံးပွဲကစားပြီးချိန်မှာ သုံးပွဲစလုံး အနိုင်ရရှိခဲ့ကာ ရှုံးပွဲမရှိစံချိန် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် စပိန်အသင်းဟာ လာမယ့် နှစ်မှာ ကနေဒါ၊
အမေရိကန်နဲ့ မက္ကဆီကိုတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိဖို့ သေချာ နေပြီဖြစ်ပါတယ်။
ငွေကြယ်
No comments