ရိန်းဂျားအသင်းနည်းပြအဖြစ် ပြန်လာမည့်အခွင့်အရေး စတီဗင်ဂျရတ် ငြင်းပယ်
လီဗာပူးအသင်းနှင့် အင်္ဂလန်အသင်းတို့ရဲ့
အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်ဟာ စကော့တလန်ကလပ် ရိန်ဂျားအသင်းနည်းပြအဖြစ် တစ်ကျော့ပြန် တာဝန်ယူရမည့်အခွင့်အရေးကို
ငြင်းပယ်လိုက်ပြီဖြစ်ပါတယ်။
စတီဗင်ဂျရတ်ဟာ စကော့တလန်ကလပ်
ရိန်ဂျားအသင်းနည်းပြအဖြစ် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပြီး
၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ စတော့တလန် ပြည်တွင်း လိဂ်ဖလားကို ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
စတီဗင်ဂျရတ်ဟာ အက်စ်တွန်ဗီလာအသင်းနဲ့
ဆော်ဒီအာရေဗျကလပ် အယ်အက်တီဖတ်အသင်း တွေမှာ အောင်မြင်မှုမရရှိခဲ့တာကြောင့် နည်းပြလောကအတွင်း
ပြန်လည်ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့ ပေမယ့် အောက်တိုဘာ ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာတော့
နည်းပြအဖြစ် ပြန်လည်ကိုင်တွယ်ရေးကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။
ငွေကြယ်
- ရေးသားသည်
No comments