ဂါဇာအရေး နိုင်ငံတကာထိပ်သီးဆွေးနွေးပွဲ အီဂျစ်နိုင်ငံ၌ ကျင်းပမည်
ဂါဇာစီးတီး အောက်တိုဘာ
၁၂
ဂါဇာကမ်းမြောင်ဒေသ၌ တိုက်ပွဲများအပြီးတိုင်
ရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် နိုင်ငံတကာထိပ်သီးဆွေးနွေးပွဲကို အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ် အောက်တိုဘာ ၁၃ ရက်တွင် လက်ခံကျင်းပမည်ဖြစ်ကြောင်း
သိရသည်။
အီဂျစ်နိုင်ငံက အစ္စရေးနှင့်
ဟားမတ်စ်တို့အကြား စေ့စပ်ညှိနှိုင်းပေးသည့် စေ့စပ်ညှိနှိုင်းရေးနိုင်ငံ များအနက် တစ်နိုင်ငံဖြစ်သည်။
လက်ရှိတွင် အစ္စရေးနှင့်ပါလက်စတိုင်းတို့က
ဒေါ်နယ်ထရမ့် အဆိုပြုသည့် ငြိမ်းချမ်းရေးအစီအစဉ် ၏ ပထမအဆင့်ကို နှစ်ဖက်စလုံးက သဘောတူညီခဲ့သည်။
အစ္စရေးနှင့် ဟားမတ်စ်တို့အကြား
အပစ်အခတ်ရပ်စဲရေး ဒုတိယမြောက်နေ့သို့ ဝင်ရောက်လာချိန် တွင် အဆိုပါ ထိပ်သီးဆွေးနွေးပွဲကျင်းပမည့်
ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးအစီအစဉ်၏ ပထမအဆင့်ကို
လိုက်နာလျက်ရှိသည့်အတွက် တိုက်ပွဲအသစ်များ မဖြစ်ပွားသေးကြောင်းနှင့် ဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်သူဒေသခံများက
၎င်းတို့၏နေရပ်သို့ ပြန်လည်သွားရောက်လျက်ရှိသည်။
ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတကာထိပ်သီးဆွေးနွေးပွဲကို အီဂျစ်နိုင်ငံအရှေ့ပိုင်း ရှာမ်အီလ်ရှိတ်ခ်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း အီဂျစ်သမ္မတ
အယ်လ်စီစီက ပြောကြားသည်။
ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးသို့
နိုင်ငံပေါင်း ၂၀ ကျော် ပါဝင်မည်ဖြစ်ပြီး ကျင်းပရခြင်း
ရည်ရွယ်ချက်မှာ ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများကို အဆုံးသတ်ရန်နှင့်
အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆောင်ကြဉ်းရန် ကြိုးပမ်းအားထုတ်မှုများ
တိုးမြှင့် လုပ်ဆောင်ရန် ရည်ရွယ်ကြောင်း ၎င်းကဆိုသည်။
ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာ၊
ပြင်သစ်သမ္မတ မက်ခရွန်နှင့် ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်တို့
တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
သို့သော် အစ္စရေးဝန်ကြီးချုပ်
ဘင်ဂျမင်နေတန်ယာဟုက ယခုအချိန်တွင် တက်ရောက်မည်မဟုတ် ကြောင်း မီဒီယာအချို့က သတင်းဖော်ပြသည်။
အလားတူ ဟားမတ်စ်တို့ကလည်း ပါဝင်မည်မဟုတ် ကြောင်း ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးသဘောတူညီချက်၏
ပထမအဆင့်တွင် သဘောတူညီထားသည့်အချက်မှာ အပစ် အခတ်ရပ်စဲပြီး ၇၂ နာရီအတွင်း ဓားစာခံအားလုံးကို
ဟားမတ်စ်အဖွဲ့က လွှတ်ပေးရမည်ဖြစ်သည်။ စည်းကမ်းချက်များကို
အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်မည်လားဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်
No comments