ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅ -၂၀၂၆ ခုနှစ် မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပ
ကန်ကြီးထောင့် အောက်တိုဘာ
၃၁
ဧရာဝတီတိုင်းဒေသကြီး
ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို
အောက်တိုဘာ ၃၀ ရက်နံနက်ပိုင်းက ကွင်းယားကြီးကျေးရွာ၌ ကျင်းပသည်။
အဆိုပါ
မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု
တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်အောင်နှင့် အဖွဲ့များ၊
မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးသိန်းနိုင်စိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ
တက်ရောက်ခဲ့ကြပြီး ကွင်းယားကြီး ကျေးရွာရှိ တောင်သူဦးဆန်းဦး၏ လယ်ဧရိယာ နှစ်ဧကတွင်
စိုက်ပျိုးထားရှိသော မိုးစပါး နယူးဧရာ-၁၁ စံပြကွက်ရိတ်သိမ်းမှု အခြေအနေများကို
ကြည့်ရှုအားပေးကြရာ အစိုအထွက် တစ်ဧကလျှင် ၁၄၃ ဒသမ ၆ တင်း ထွက်ရှိခဲ့ပြီး
အခြောက်အထွက် တစ်ဧကလျှင် ၁၃၃ ဒသမ ၅၅ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
No comments