တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ကရာတေးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

 


နေပြည်တော် အောက်တိုဘာ ၃၁

 

၂၀၂၅ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒိုင်းတပ်မတော်(ကြည်း၊ ရေ၊ လေ) ကရာတေးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

 

ပေးအပ်ချီးမြှင့်

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဒိုင်းဆုရရှိသော ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းတို့အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ကရာတေးပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း ၁၀ သင်းဖြင့် အောက်တိုဘာ ၂၇ ရက်မှ ယနေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.