ပုသိမ်ကြီးမြို့နယ်၌ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရေး ကွင်းဆင်းဆောင်ရွက်

 


မန္တလေး အောက်တိုဘာ ၃၁

 

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်လုပ်ငန်းများနှင့် ဟိုတယ်/တည်းခိုခန်း လုပ်ငန်းများအား ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မျိုးအောင်၊ မြို့နယ်အခွန် ဦးစီးဌာနမှူး ဒေါ်မော်မော်ခိုင် တို့ဦးဆောင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ယမန်နေ့တွင် ကွင်းဆင်းဆောင်ရွက်သည်။

 

ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသော ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ် ရောင်းချခြင်းနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ပျက်ကွက်မှုများအပေါ် ဒဏ်တပ်ရိုက်နိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.