ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မိုးစပါး စံကွက်ရိတ်သိမ်းမှုကြည့်ရှု၊ ဆောင်းသီးနှံမျိုးစေ့များ ပေးအပ်

 


စစ်တွေ အောက်တိုဘာ ၃၁

 

မိုးစပါး စံကွက်ရိတ်သိမ်းခြင်းနှင့် ဆောင်းသီးနှံမျိုးစေ့များ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ပြည်တော်သာစိုက်ကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ပေးအပ်

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး လယ်သီးထပ်ဆောင်း သီးနှံစိုက်ပျိုးမည့် တောင်သူများကို နေကြာနှင့်မတ်ပဲ မျိုးစေ့များကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ဟင်းသီးဟင်းရွက်မျိုးစေ့များကို လည်းကောင်း ပေးအပ်ကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးစပါးစံကွက်ရိတ်သိမ်းနေမှု၊ (Round Baler) ကောက်ရိုးထုံးစက်ဖြင့် ကောက်ရိုးထုံးခြင်းနှင့် (Rotary Mulcher) ရိုးပြတ်ဖြတ်ခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မိုးစပါးအထွက်နှုန်း တိုင်းတာတွက်ချက်နေမှုကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ကျင်းပသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်း သွေးလှူဒါန်းပွဲသို့ တက်ရောက်၍ ဝန်ထမ်းများ သွေးလှူဒါန်းနေမှုကိုလှည့်လည် ကြည့်ရှုအားပေးကြကာ သွေးလှူဒါန်းကြသော ဝန်ထမ်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးမှ ပေးအပ်ချီးမြှင့်သည့် အာဟာရဖြည့်စွက်စာများကို ပေးအပ်ကြပြီး စုပေါင်းသွေးလှူဒါန်းရာတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသော ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ကြသည်။

 

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှ အရာထမ်း၊ အမှုထမ်းများက သွေးအမျိုးအစားအလိုက် စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)

No comments

Powered by Blogger.