ပုသိမ်မြို့နယ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက လမ်း/တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ပုသိမ် အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်သော ရှောပြာ-အိုးဖိုကုန်းလမ်း ကျောက်လမ်းခင်းခြင်း လုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန(ရုံးချုပ်) အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးက ကွင်းဆင်းစစ်ဆေးခဲ့ရာ ပုသိမ်ခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူမင်းနှင့် မြို့နယ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးကာ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်နှင့် သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေး လိုအပ်သည်များ မှာကြားခဲ့သည်။
ရှောပြာ-အိုးဖိုကုန်းလမ်း ကျောက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာလေးရွာ၊ အိမ်ခြေ ၆၁၅ အိမ်၊ လူဦးရေ ၂၄၆၃ ဦး တို့အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments