ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း (၃၄) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးဖွင့်ပွဲအခမ်းအနား တက်ရောက်
နေပြည်တော် အောက်တိုဘာ ၉
မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း
(၃၄)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ
မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(၁) MICC- 1 ၌ ကျင်းပရာ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း
ဂုဏ်ထူးဆောင်နာယက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှ တက်ရောက်သည်။
တက်ရောက်
အခမ်းအနားသို့ မြန်မာနိုင်ငံ မိခင်နှင့်ကလေး
စောင့်ရှောက်ရေးအသင်း ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်
ဒုတိယဥက္ကဋ္ဌ၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊
ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ နေပြည်တော်၊
တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး
စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး
မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယကများ၊ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊
မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ
မြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံ
သူနာပြုနှင့် သားဖွားအသင်းနှင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းတို့မှ တာဝန်ရှိသူများနှင့်
ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ပြည်သူတစ်ရပ်လုံးကျန်းမာပြီးသက်တမ်းရှည်စွာ နေနိုင်ရေး ဦးစားပေးဆောင်ရွက်
ဦးစွာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ
ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိသည့်အနက် (၆၀ ရာခိုင်နှုန်း)ကျော်သည်
မိခင်နှင့် ကလေးများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ မိခင်သေနှုန်း၊ မွေးကင်းစ တစ်နှစ်အောက်နှင့်
ငါးနှစ်အောက် ကလေးများ သေနှုန်းသည် နိုင်ငံတော်၏ အရေးကြီးသည့် ကျန်းမာရေး အညွှန်းကိန်းတစ်ခု
ဖြစ်ပါကြောင်း၊ မိခင်နှင့်ကလေးသေဆုံးမှုနှုန်းကို လျှော့ချနိုင်သည်နှင့်အတူ မိမိတို့နိုင်ငံ၏
မျှော်မှန်း လူ့သက်တမ်းသည်လည်း မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက
မိခင်နှင့် ကလေးကျန်းမာရေးကိစ္စ၊ ပြည်သူတစ်ရပ်လုံးကျန်းမာပြီးသက်တမ်းရှည်စွာနေနိုင်ရေး
ကိစ္စများကို ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စရပ်များအဖြစ် လမ်းညွှန်ထားရှိပါကြောင်း။
အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူး
မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏
မေတ္တာစမ်းရေဆေးခန်း အပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သားဖွားခန်းများဖွင့်လှစ်ပြီး
ကိုယ်ဝန်ဆောင် မိခင်များကို စောင့်ရှောက်ခြင်း၊ အန္တရာယ်ကင်းစွာ မွေးဖွားပေးခြင်း၊
မွေးပြီးမိခင်စောင့်ရှောက်ခြင်းနှင့် သားဆက်ခြားလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊
ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ခံယူသူများကို ကိုယ်ဝန်လေးလ မှစ၍ လစဉ်အာဟာရယူနစ်နှင့်
ကိုယ်ဝန်ဆောင်အားဆေးများ ထောက်ပံ့ပေးခြင်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ
အသင်းဝင်များအနေဖြင့် အသင်းကြီး၏ အဓိကလုပ်ငန်းများဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊
လူမှုရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးများတွင် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် အသိပညာ၊
အတတ်ပညာများကို လေ့လာဆည်းပူးပြီး ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွှယ်ဌာန၊ မိတ်ဖက်အဖွဲ့အစည်းများဖြင့်
လက်တွဲညီညီလျှောက်လှမ်း နိုင်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်
ကလေးစောင့်ရှောက်ရေးအသင်း၏ လှုပ်ရှားမှုမှတ်တမ်းဗီဒီယိုကို ပြသသည်။ ယင်းနောက် နေပြည်တော်၊
တိုင်းဒေသကြီးနှင့် ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၏ ကျန်းမာရေး၊
ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးစသည့် ကဏ္ဍကြီး(၄)ရပ် လှုပ်ရှားမှုအတွက် ကဏ္ဍအလိုက်
ထူးချွန်ဆုများ ချီးမြှင့်ခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ ဂုဏ်ထူးဆောင် နာယက ဒေါ်ကြူကြူလှက
ကျန်းမာရေးကဏ္ဍ လှုပ်ရှားမှု အတွက် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့်
ကချင်ပြည်နယ်၊ ပူးတွဲ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ
မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များကို ဆုများပေးအပ်ချီးမြှင့်ရာ သက်ဆိုင်ရာ
အဖွဲ့ဥက္ကဋ္ဌများက လက်ခံရယူကြသည်။
ဆက်လက်၍ ဂုဏ်ထူးဆောင် နာယက ဒေါ်သန်းသန်းနွယ်က
ပညာရေးကဏ္ဍ လှုပ်ရှားမှုအတွက် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့်
တတိယဆုရရှိသည့် မွန်ပြည်နယ်တို့မှ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များကို
လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လူမှုရေးကဏ္ဍလှုပ်ရှားမှုအတွက်
ပထမဆုရရှိသည့် မကွေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ကရင်ပြည်နယ်၊ တတိယဆုရရှိသည့် ရခိုင်ပြည်နယ်တို့မှ
မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များကိုလည်းကောင်း၊ မြန်မာနိုင်ငံ
မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်က စီးပွားရေး
ကဏ္ဍလှုပ်ရှားမှုအတွက် ပထမဆု ရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် နေပြည်တော်နှင့်
တတိယဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးတို့မှ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များကိုလည်းကောင်း
ဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဂုဏ်ထူးဆောင် နာယက ဒေါ်ကြူကြူလှသည်
အခမ်းအနားသို့ တက်ရောက်လာကြသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး မြန်မာနိုင်ငံ
မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှု
ကြီးကြပ်ရေးအဖွဲ့တို့၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် ဂုဏ်ထူးဆောင် နာယက ဒေါ်ကြူကြူလှသည်
ကိုယ်ဝန်ဆောင် မိခင်များကို အာဟာရဖြစ်စေမည့် အစားအစာများ ထောက်ပံ့ပေးပြီး (၅) နှစ်အောက်
ကလေးငယ်များအား အမီလိုက် ကာကွယ်ဆေးများ တိုက်ကျွေးပေးကာ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်
ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များက ဒေသထွက်ကုန် ပစ္စည်းများနှင့်
ရိုးရာလက်မှုပစ္စည်းများ ခင်းကျင်းပြသရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံ မိခင်နှင့်ကလေး
စောင့်ရှောက်ရေးအသင်း (၃၄) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ
မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်က အဖွင့်အမှာစကား
ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်
ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးက ၂၀၂၄ ခုနှစ် နှစ်ချုပ်အစီရင်ခံစာကို လည်းကောင်း၊
အသင်းဘဏ္ဍာရေးမှူးက ၂၀၂၃ - ၂၀၂၄ ခုနှစ် ငွေစာရင်း ရှင်းတမ်းနှင့် ၂၀၂၄ - ၂၀၂၅ ရသုံး
မှန်းခြေ စာရင်းကိုလည်းကောင်း ဖတ်ကြား တင်သွင်းကြသည်။ ယင်းနောက် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်
မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့များက ၂၀၂၄ ခုနှစ် နှစ်ချုပ် အစီရင်ခံစာများကို
ဖတ်ကြားတင်သွင်းကြပြီး တက်ရောက်လာကြသူများက အကြံပြုချက်များ၊ အစည်းအဝေးဆုံးဖြတ်ချက်များနှင့်
ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် ဆွေးနွေးအတည် ပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်







No comments